ကိုသစ် (သီတဂူ) ယဉ်ကျေးမှု မျိုးတုန်းသတ်ဖြတ်ခြင်း (Cultural Genocide) (မိုးမခ) ဒီဇင်ဘာ ၂၈၊ ၂၀၁၄ လွန်ခဲ့တဲ့နှစ်က အိန္ဒိယမြောက်ပိုင်း နယူးဒေလီမြို့ရဲ့ မြောက်ဘက် ၂၉၈ မိုင် အကွာမှာရှိတဲ့ ဓရံဆာလာဆိုတဲ့ မြို့လေးမှာ လေးလလောက် နေထိုင်ခဲ့ဘူးပါတယ်။ ဓရံဆာလာဆိုတာ ပင်လယ်ရေမျက်နှာပြင်ထက် ပေပေါင်း ၄၇၀၀ ကျော်မှာရှိတဲ့ တောင်ပေါ်မြို့လေး တမြို့ပါ။ ရာသီဥတုက အရမ်းအေးလွန်းပါတယ်။ အိန္ဒိယမှာ စာသင်နေကြတဲ့ အပူပိုင်းဒေသက မြန်မာရဟန်းတော်အချို့ နွေခိုလေ့ရှိတဲ့ မြို့လေးပေါ့။ ဓရံဆာလာဆိုတာ ရေခဲတောင်ကြီးတွေကို နောက်ခံပန်ချီကားတချပ်လို ချိတ်ဆွဲထားတဲ့ သန့်ရှင်းသပ်ရပ်တဲ့ မြို့လေး။ နွေရာသီမှာတောင် စောင်ခြုံရတယ်။ ဓရံဆာလာဆိုတာ တိဘက်လူမျိုးတွေ အများဆုံးနေထိုင်တဲ့ မြိ့လေးတမြို့။ ဒီမြို့လေးမှာ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ကမ္ဘာကျော် တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား အခြေချနေထိုင် […]
Read more of this post
No comments:
Post a Comment