၂၀၁၅ နှစ်သစ်ကို လက်ပတောင်းအရေးအခင်းနဲ့ ကြို (Yangon Globe News) သတင်းများမှ ကောက်နုတ်ဖော်ပြသည်၊ ဒီဇင်ဘာ ၃၁၊ ၂၀၁၄   လက်ပတောင်းတောင် ကြေးနီးစီမံကိန်းတိုးချဲ.ရန် ခြံစည်းရိုးခတ်မှုကြောင့် လယ်ယာမြေများဆုံးရှုံးသွားသောဒေသခံများက ဆည်တည်းရွာအနီး ၂၄ နာရီပတ်လုံး သပိတ်စခန်းဖွင့်လှစ်၍ ၄င်းတို့၏လယ်ယာမြေများပြန်လည်ရရှိရန် ဆန္ဒပြတောင်းဆိုနေကြောင်း ဒေသခံဘုန်းတော်ကြီးဦးစန္ဒာသီရိက ပြောကြားသည်။ ယမန်နေ့က အစိုးရသတ္တုတွင်း ၀န်ကြီးဌာန ၀န်ကြီးဦးသန်းထွန်းအောင်သည် ၂၀၁၂ လက်ပတောင်းသပိတ် စခန်းဖြိုခွင်းမှုတွင် ဒဏ်ရာရရှိခဲ့သော ဆရာတော်ဦးတိက္ခအား မုံရွာတွင်လာရောက်တွေ.ဆုံခဲ့သော်လည်း ဆန္ဒပြဒေသခံများနှင့် တွေ့ဆုံမှုမရှိခဲ့ကြောင်းသိရသည်။ (ဓာတ်ပုံ။ ဆရာတော်ဦးစန္ဒာသီရိနှင့် လုံထိန်းအဖွဲ.တို့ လက်ပတောင်းတောင်ဒေသတွင် လွန်ခဲ့သည့်ရက်သတ္တပတ်က ရင်ဆိုင်နေပုံကိုတွေ.ရစဉ်။) တစ်ကျော့ပြန် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ပဋ္ဋိပက္ခတွင် ဒေသခံတောင်သူဒေါ်ခင်ဝင်း သေဆုံးခဲ့မှုအား တရားဥပဒေအတိုင်း ထိရောက်စွာအရေးယူပေးရန် အစိုးရအာဏာပိုင်များကို အမျိုးသားရေးဒီမိုကရေစီအဖွဲ.ချုပ်ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုလိုက်သည်။ "လက်ပံတောင်းတောင်ကိစ္စနဲ့ပတ်သက်ပြီး […]

Read more of this post