ဒေါက်တာဓမ္မပိယ (ITBMU) - တစ်ချိန်က ရောဟိနီ ယခု ဧရာဝတီ (မိုးမခ) ဒီဇင်ဘာ ၅၊ ၂၀၁၄ တသွင်သွင် စီးဆင်းနေတဲ့ ရောဟိနီ … ။ တသွင်သွင် စီးဆင်းနေတဲ့ ဧရာဝတီ … ။ သမိုင်းမှာ အရေးပါလှတဲ့  မြစ်ကြီးတွေဖြစ်နေလို့ ဆွေးနွေးတင်ပြချင်တယ်။ ရောဟိနီမြစ်က နီပေါ နိုင်ငံမှာ တည်ရှိနေပြီး၊ ဧရာဝတီမြစ်က မြန်မာနိုင်ငံမှာ တည်ရှိနေတယ်။ ရောဟီနီမြစ်ကမ်းပေါ်မှာ ရပ်ပြီး တစ်ဖက်ကမ်းဆီကို လှမ်းမျှော်ကြည့်ရင် ကြည်နူးဖွယ်ကောင်းလှတဲ့ ဖြူဖွေးနေတဲ့ ဟိမ၀န္တာတောင်တန်းကြီးကို တွေ့မြင်နိုင်သလို၊ ဧရာဝတီမြစ်ကမ်းပေါ်မှာ ရပ်ပြီး တစ်ဖက်ကမ်းဆီကို လှမ်းမျှော်ကြည့်လိုက်မယ်ဆိုရင်လည်း လွမ်းမောဖွယ် ကောင်းလှတဲ့ မှိုင်းညို့နေတဲ့ ရှမ်းတောင်တန်းကြီးကို တွေ့မြင်နိုင်တယ်။ မြစ်နှစ်စင်းရဲ့ တည်နေရာတွေဟာ ဝေးကွာလွန်းနေတာကြောင့် အတူပူးပေါင်းပြီး မစီးဆင်းနိုင်ကြသော်လည်း သမုဒ္ဒရာတွင်း […]

Read more of this post