အရှင်ကုသလသာမိ (အတည်မဲ့) - စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၁၂) (မိုးမခ) ဒီဇင်ဘာ ၃၊ ၂၀၁၄ ယခင်အပတ်မှ အဆက် (၅၄) ည ၇ နာရီခန့်တွင် အော်စလိုမြို့အနီးက ဓမ္မသုခကျောင်းတိုက်သို့ သွားကြသည်။ ဂျာမနီက ငှါးလာသောကားဖြင့် ကပ္ပိယကြီးနှင့် အော်စလိုမြို့တွင် နေသော ကိုလှမင်းတို့ လိုက်ပါလာကြသည်။ ၄၅ မိနစ်ခန့်ကြာသည်။ ဆရာတော်ဦးဝိသုဒ္ဓက ဝမ်းမြောက်ဝမ်းသာ ဆီးကြိုသည်။ မြို့ပြ၏ ဆူညံမှုများနှင့်ဝေးကွာသောကျောင်းလေးဖြစ်သည်။ သို့ရာတွင် ကျောင်းနောက်ကျောတွင် ရထားလမ်းရှိသဖြင့် မကြာခဏ ဖြတ်သန်းသွားလာနေသော ရထားများကြောင့် ဆူညံမှုတော့ ရှိသည်။ ကျောင်းအပေါ်ထပ်ဆိုလျှင် ရထားဖြတ်သွားတိုင်း အနည်းငယ် တုန်ခါမှုပင် ရှိနေသည်။ ညပိုင်းတွင် အတော်နှင့်အိပ်ရာ မဝင်ဖြစ်ကြ။ ရွှေညဝါဆရာတော်၊ တပည့်ဦးသူရိယ၊ ဦးဝိသုဒ္ဓတို့နှင့်အတူ အလ္လာပသလ္လာပစကားများ ပြောဖြစ်ကြသည်။ […]
Read more of this post
No comments:
Post a Comment