မြန်မာ မြင်းစီးကလပ်ပိုင်ရှင်၊ မြင်းပိုင်ရှင်များ တွေ့ဆုံဆွေးနွေး ဟန်သစ်နိုင်၊ မိုးမခ၊ ဒီဇင်ဘာ ၂၊ ၂၀၁၄ မြင်းစီးအားကစားနှင့် မြင်းစီးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပထမအကြိမ်အဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာ မြင်းစီးကလပ်ပိုင်ရှင်များနှင့် မြင်းပိုင်ရှင်များ တွေ့ဆုံဆွေနွေးပွဲတခုကို လှည်းခူးမြို့နယ်ရှိ ကြည်သာအေးမြမြင်းစီးကပ်တွင် ပြုလုပ်ကျင်းပခဲ့သည်။ မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်ဥက္ကဌ ဦးပြုံးမောင်မောင်မှလည်း ဖြတ်သန်းလာသော အတွေ့အကြုံများနှင့် မြင်းစီးအားကစားများအတွက် လိုအပ်သည်များကိုပြောပြရာတွင် မြင်းစီးအားကစားကို ပထမအကြိမ်အဖြစ် ၁၉၈၅ခုနှစ်တွင် အစိုးရထံမှတင်ပြတောင်းဆိုခဲ့သည်။ ၁၉၈၈ခုနှစ်နောက်ပိုင်းတွင် တရားဝင်မြင်းစီးမှတ်ပုံတင်များ မရှိတော့ကြောင်း၊ ၁၉၉၃ ခုနှစ်တွင်မှ ပြန်ပြီးတင်ပြတောင်းဆိုခဲ့ရာ မြင်းစီးကောင်စီမှ အသိအမှတ်ပြု ပြန်လည်ရရှိခဲ့သည်။ ၂၀၁၀ခုနှစ် မြင်းစီးအဖွဲ့ချုပ်တွင် အရပ်သားဥက္ကဌများ လွှဲပြောင်းခြင်းများရှိခဲ့သည်။ ဆက်လက်ပြောကြားရာတွင် - မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်သည် FEI နိုင်ငံတကာမြင်းစီးအားကစားအဖွဲ့ဝင်ဖြစ်ပြီး မြင်းစီးကလပ်များသည်လည်း FEI ၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်ဖြစ်ကြောင်း၊ မြင်းစီးကလပ်များထူထောင်ရာတွင် […]

Read more of this post