ရန်လိုကျွဲ -    ဆွေ့ဆွေ့ခုန်နေသော ဝါရင့်ချိုကုပ်ဒူးကြီး ဒီဇင်ဘာ ၄၊ ၂၀၁၄ ဝါရင့်ချိုကုပ်ဒူးကြီး ဆွေ့ဆွေ့ခုန်နေသည် ဆိုသော သတင်းကြောင့် သတင်းထောက် ရန်လိုကျွဲ ဒုက္ခသီရိနေပြည်တော်ကြီးသို့ ရောက်ရပြန်လေသည်။ ဂျာနယ်အရှုံးပေါ်သဖြင့် အသုံးစရိတ် ချွေတာရေး မူဝါဒချထားသော အယ်ဒီတာမင်းတို့က ရန်လိုကျွဲနှင့် သတင်းသမားများကို ခရီးမသွားစေချင်။ သို့သော်လည်း ချိုကုပ်ဒူးကြီး လေလည်လျှင်ပင် အထူးသတင်းအဖြစ် ရေးရမည်ဟု ဂျာနယ်တိုက်တွင် မူဝါဒ ချထားပြန်သောကြောင့် ရန်လိုကျွဲကို သွားခွင့်ပြုလေ၏။ ဤသို့ဖြင့် သတင်းသမား ရန်လိုကျွဲ ဒုက္ခသီရိသို့ ရောက်ရပြန်ချေ၏။ ကြားရသည့် သတင်းအတိုင်း ချိုကုပ်ဒူးကြီး ဆွေ့ဆွေ့ခုန်နေသည်ကို တွေ့ရလေ၏။ သတင်းသမားက တရင်းတနှီး နှုတ်ခွန်းဆက်လိုက်သည်။ ရန်လိုကျွဲ။ ။ အဘ ဘာကြောင့် ခုန်နေရတာလဲ။ လေ့ကျင့်ခန်းလုပ်နေတာလား။ ချိုကုပ်ဒူးကြီးက ဂရုမစိုက်။ ခုန်မြဲတိုင်း […]

Read more of this post