လင်းအေးထင် - မန္တလေးကို ရောက်ခဲ့တယ် (မိုးမခ) ဒီဇင်ဘာ ၀၇၊ ၂၀၁၄ ဒီ ကဗျာကို သင်္ကေတ ၀ါဒ ရဲ့ စွတ်ဆို ထိုင်းမှိုင်းရာ ထောင့် အကွေး ငြိတွယ် ဖြစ်ထွန်းလာရာ မှိုတစ်ပွင့် ပမာ နင်ယူဆပါလေ။ ၀မ်းတွင်း မှာ ငါတို့ သောက်ခဲ့တဲ့ နို့တွေလို ငါ့ အာရုံဟာ ဖြူလျော် စေးပြစ် ချိုအီလို့၊ လေတဟူးဟူး ကြား ၀ါးပက်လက် ကုလားထိုင်တွေပေါ် ဂျင်းဂျက်ကက် နှစ်ထည်ဟာ ပုံ့ပုံ့လေး၊ နိုးထခြင်း တစ်ဝက် ငိုက်မြည်းခြင်း တစ်ဝက်မှာ ဆံနွယ်ချင်း ရောယှက်ခဲ့၊ အနမ်းဆိုတာနဲ့ နှုတ်ခမ်းတွေ အကြားမှာ ဘာလီ ချိုချဉ်များ။ အင်ဂျင်နံ့ စက်ဆီနံ့၊ ပွတ်တိုက်မှုကြောင့် ကား […]

Read more of this post