ရန်လိုကျွဲ - ဒုက္ခသီရိတွင် တိုင်ပတ်ခြင်း ဒီဇင်ဘာ ၁၃၊ ၂၀၁၄ ဒုက္ခသီရိသည် ဒီမိုကရေစီ ထွန်းကားရန် ကြိုးပမ်းနေသော တိုင်းပြည်ဖြစ်သည်။ ယခင်က စစ်သူကြီးများ ဗိုလ်ကျ စိုးမိုးသည်။ ယခုလည်း ၎င်းတို့ပင်ဖက်ရှင်တမျိုးပြောင်းဝတ်ပြီး ဆက်လက် စိုးမိုးလေ၏။ ၎င်းတို့ မီးကုန်ယမ်းကုန် သောင်းကျန်းစဉ် ကာလတွင် အနောက်ဘက် တိုင်းပြည်များက ဒုက္ခသီရိကို ဒဏ်ခတ် ပိတ်ဆို့ကြသည်။ တစ်ဦးချင်းစီကို ပစ်မှတ်ထားပိတ်ဆို့ကြသည်လည်း ရှိ၏။ ပိတ်ဆို့ခံရသူများက အထိနာဟန်ဆောင်ပြီး "အခွင့်အရေးမှန်သမျှ လက်ကုန်နှိုက်"၏။ ကိုယ်တိုင်လည်း နှိုက်၏။ သားတော် သမီးတော်များ၊ အိမ်တော်ပါများကလည်း ဝိုင်းနှိုက်၏။ ဒုက္ခသီရိကို စုတ်ပြတ်သွားသည်အထိ နှိုက်၏။ ယခင်ကလည်း နှိုက်။ ယခုလည်း ဆက်နှိုက်။ ဤသည်ကား ဒုက္ခသီရိ၏ ပကတိအခင်းအကျင်း တစိတ်တဒေသ စက္ကန့်နှစ်ဆယ်စာ ရှင်းပြချက်ဖြစ်လေသည်။ […]
Read more of this post
No comments:
Post a Comment