ဓမ္မဘေရီ အရှင်ဝီရိယ - ဗိုလ်ချုပ်အောင်ဆန်းရာပြည့်ပွဲ မော်ကွန်းမဂ္ဂဇင်းအတွက် ဥယျောဇဉ် (ဗိုလ်ချုပ်ရာပြည့် မော်ကွန်းမဂ္ဂဇင်း) ဒီဇင်ဘာ ၁၀၊ ၂၀၁၄ မိသားတစ်စု အကျိုးစီးပွား၊ ဆွေမျိုးတစ်စု ကောင်းစားရေးနှင့် အရပ်ဒေသတစ်ခုဖွံ့ဖြိုးမှုအတွက် သက်သက်မျှ မွေးဖွားချွန်မြခဲ့ခြင်းမဟုတ်ဘဲ လွတ်လပ်သောပြည်ထောင်စု မြန်မာနိုင်ငံတော်သစ် ပေါ်ပေါက် ရေးနှင့် ခွင့်တူညီမျှဝါဒဖြူစင် သည့်မြေ ဖြစ်လာစေရေးအတွက် အသွေးအသက်ဖြင့် ထွန်ယက်ခဲ့သော နတ်မောက်သား ဗိုလ်ချုပ်အောင်ဆန်းကို ကျေးဇူး သိတတ်သည့် နိုင်ငံသားတိုင်းက ဂုဏ်ပြုကြမည့် နှစ်ရာပြည့်ပွဲတွင် နတ်မောက်သားတို့ကိုယ်တိုင် ရာပြည့်မော်ကွန်း ထိုးကြပေ တော့မည်။ ပြည်ထောင်စု၏သင်္ကေတ ဧရာဝတီကို အနိုင်ကျင့်လိုသူ နယ်ချဲ့မှန်သမျှအား တွန်းလှန်ဖယ်ရှားရန် အားသစ်ကြိုးပမ်း ခဲ့သော ဗိုလ်ချုပ်၏ တည်ကြည်ခိုင်ခံ့သော သတ္တိ၊ သစ္စာ၊ သမာဓိတရားများနှင့် စွန့်လွှတ်ပေးဆပ်ခဲ့သော သွေးချွေးအသက်တို့သည် ဇာတိနတ်မောက်မြို့လေး၏ ယင်းချောင်း နယ်နိမိတ်ကို […]

Read more of this post