မောင်စွမ်းရည် - ပန်းမြန်မာတွေ လာတုန်းက (မိုးမခ) ဒီဇင်ဘာ ၁၁၊ ၂၀၁၄ နယူးယောက်ကို ဗမာစာရေးဆရာတွေ လာခဲ့ကြတယ်။ ကြုံဝင် ခဲ့ပါလေ။ ခရီးကြုံလို့ ဝင်လာကြတာပါ။ ဗမာပြည်က စာရေးဆရာ တွေက PEN International  အသင်းကိုဝင်ဖို့ မနှစ်က (၂၀၁၃) မှာ PEN Myanmar ကို ဖွဲ့ခဲ့သတဲ့။ မသီတာ (စမ်းချောင်း) တို့ ဦးဆောင်ဖွဲ့ကြတယ်။ သူတို့အဖွဲ့ကို ဗမာလို ဘယ်လိုခေါ်သလဲ မမေးလိုက်ရဘူး။ အပြည်ပြည်ဆိုင်ရာအသင်းကို ဝင်တာဆိုတော့ ဗမာအမည်လည်း ရှိပုံမရဘူး။ကျနော်ကလဲ ကျနော့်စာတွေထဲမှာ အင်္ဂလိပ်စာလုံးတွေ မပါစေချင်ဘူး။ဗမာအသံထွက်နဲ့ ရေးရင်လဲ PEN ကို ပင်း လို့ ရေးမလား၊ပန်းလို့ ရေးမလား။ ဘယ်ဟာမှမကြိုက်တာနဲ့ပဲ  ပန်းမြန်မာ လို့ပဲ ကောက်ရေးလိုက်ပါတယ်။ […]

Read more of this post