ဖိုးထက် - မရှက်နိုင်တဲ့ အုန်းထမင်း တစ်ပွဲ (မိုးမခ) ဒီဇင်ဘာ ၆၊ ၂၀၁၄   လေယာဉ်ကွင်းကိုဆင်းဖို့ ကျွန်တော် ကားငှားတော့ ရှစ်နာရီ။ လေယာဉ်က ဆယ်နာရီ မတ်တင်းမှ ထွက်မည်။ လမ်းမှာ ကားပိတ်တာ အလွန်ဆုံး ရှိမှ လေးဆယ့် ငါးမိနစ်၊ အေးအေး ဆေးဆေးမှီပါတယ်ဟု ခပ်ပေါ့ပေါ့တွေးခဲ့ခြင်း ဖြစ်သည်။ လမ်းမှာ ကားမပိတ်ပါ။ သို့သော် ကားသမားနှင့် လေပေးဖြောင့်ပြီး လ္ဘက်ရည်ဝင်သောက်လိုက်မိသည်။ ကားသမားဆီမှ ကွမ်းတစ်ယာ တောင်းစားမိကာမှ ကိုယ်တော်ချောက "ကွမ်းလေးတော့ လက်ဆောင် ထည့်ပေးစမ်းပါရစေ။ ခင်ဗျားလေယာဉ်မှီစေရမယ် စိတ်ချစမ်းပါ" ဆိုသောကြောင့် ကွမ်းဝယ်ချိန် ပုပ်သွားပြန်သည်။ လေယာဉ်ကွင်းကို ရောက်တော့ ကိုးနာရီ ဆယ့်ငါးမိနစ်။   သို့သော် ကိစ္စမရှိ။ သွားဖူး […]

Read more of this post