ရဲရင့်နွေ  - ဘဝဆိုလည်း ဘဝ... စစ်ဆိုလည်း စစ်... ကျုပ်တို့ထိမိတဲ့ ပင်နယံဘီးများ ... (မိုးမခ) ဒီဇင်ဘာ ၁၂၊ ၂၀၁၄   စခန်းမသိမ်းနိုင်သေးတဲ့ ဟောဒီ .. ယာယီရွက်ဖျင်လေးမှာ မြောက်ပြန်လေတွေပြီးရင် ဘယ်လိုနွေဦးကိုထပ်ရင်ဆိုင်ရဦးမလဲ ...။ တဖျစ်ဖျစ် မြည်သံဆွဲနေတဲ့ နာရီသံဟာ မီးကုန်ယမ်းကုန် တင်းထားတဲ့ ငါ့တို့ကြွက်သားတွေကို ခြေကုန်လက်ပမ်းကြစေခဲ့ပြီ။ မမြင်နိုင်တဲ့ကံကြမ္မာကလည်း တဖြည်းဖြည်းချင်း အကျည်းတန်လာ ဖြတ်ညှပ်ကပ်ထားတဲ့ ဟောဒီ ဆက်ကပ်ရုံကြီးရဲ့ အတွင်းအားပြိုင်မှုမှာ တဒတ်ဒတ် တဒိုင်းဒိုင်း မီးခိုးတွေအောက် ငါတို့ဟာ တဖွတ်ဖွတ် တဂျက်ဂျက် ခွေးသွားစိတ်တွေလို သန်ခေါင်ထက် ညဥ့်နက်သွားရမယ့် ပင်နယံဘီးများသာဖြစ်တယ် ...။   ။

Read more of this post