သက်ခိုင် - ပြည်သူကိုရောင်းစားတဲ့ အောင်ဖေ၊ ရန်ပုံငွေပွဲ နဲ့ မင်းချစ်သူ အောင်ဖေ အခန်းဆက် အမှတ် (၁၈)၊ ဒီဇင်ဘာ ၆၊ ၂၀၁၄ (၁) ၁၉၉၀ နှစ်ဦးထင်ပါရဲ့၊ အဲဒီအချိန်မှာပဲ ဗဟန်းကနေ ရန်ကင်းကျောက်ကုန်းကွေ့ကို လူ့ဘောင်သစ်ဌာနချုပ်က ပြောင်းရပါလေရော၊ တချိန်တည်းမှာပဲ ရန်ကုန်တိုင်းရုံးအတွက်က ရန်ကင်းမှာပဲ UPTလို့ခေါ်တဲ့ လျှပ်စစ်စက်ပစ္စည်းတွေ ထုတ်တဲ့ခြံဝင်းထဲမှာ နေရာပေးလို့ ရုံးဆောက်ဖြစ်တယ်။ အဲဒီအချိန်က ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတိုင်း အနည်းဆုံး အမတ်လောင်း(၃)ယောက် ဝင်ပြိုင်ရမယ်ဆိုတဲ့ အမိန့် စစ်အစိုးရက ထုတ်ပါလေကော။ ဒါကြောင့် လူ့ဘောင်သစ်ကလည်း (၁၀)နေရာ ဝင်ပြိုင်မယ်ဆိုပြီး စာရင်းပေးဖြစ်တယ်၊ ရန်ကုန်တိုင်းမှာ (၄)နေရာပေါ့။ အဲဒါတွေက သင်္ကန်းကျွန်း၊ ရန်ကင်း၊ မြောက်ဥက္ကလာနဲ့ ကမာရွတ်မြို့နယ်တွေမှာ၊ ကျန်တဲ့နေရာတွေကတော့ ပဲခူးတိုင်းတို့ ဘာတို့တွေလည်းပါတယ်၊ […]

Read more of this post