မင်းကောင်းချစ် - မြင်းမိုရ်တောင်နဲ့ ငှက်တသောင်း မိုးမခ၊ ဒီဇင်ဘာ ၂၊ ၂၀၁၄ (အပိုင်းတစ်) ဘေး တအိမ်ကျော် သံဖြူ လုပ်တဲ့ဆီက သွပ်ပုံးကို ပေတုံး ပေါ်တင်ပြီး တတောင်တောင် လှည့်ခေါက်နေတဲ့ အသံက ကောင်းထက် နားထဲ စူးစူးရဲရဲ တိုးဝင် ထိုးဆွ လာတယ်။ ဆွေးနေတဲ့ ထရံပေါက်ကြားက ယိုပေါက်ပြီး ကြမ်းပြင်ပေါ် ထောက်ဖြာ ကျနေတဲ့ နေခြည် အလင်းတန်းရဲ့ အရှည် အလျား ကို ကြည့်ပြီး ရှစ်နာရီခွဲပြီဆိုတာ သိလိုက်တာမို့ အိပ်ရာကနေ ကုန်း ရုန်းထ လိုက်မိတယ်။ ကိုယ်လက် မအီမသာ နည်းနည်း ဖြစ်နေတာ သတိပြုလိုက်မိပေမဲ့ ကိုးနာရီတိတိမှာ ရူပဗေဒ ဆရာမ ဒေါ်မေကြည် အချိန်တက်ရဦးမှာမို့ ကမန်းကတန်း မျက်နှာသစ်လိုက်ရတယ်။ […]
Read more of this post
No comments:
Post a Comment