မောင်ရစ် -  သမိုင်းနောက်ခံ နိုင်ငံရေးမျိုးဆက် - ဒို့ဗမာသခင် (သခင်ခင်ညွန့် နှစ် ၁၀၀ပြည့် အထိမ်းအမှတ်စာအုပ်မှ) ၊ ဒီဇင်ဘာ ၂၊ ၂၀၁၄ သခင်ခင်ညွန့် ရာပြည့်အမှတ်တရ စာရေးမယ်လို့ စဉ်းစားတော့ သမိုင်းနောက်ခံ နိုင်ငံရေးမျိုးဆက်တွေ နိုင်ငံရေးအုပ်စုတွေအကြောင်း တွေးမိပါတယ်။ ဗြိတိသျှကိုလိုနီလက်အောက်မှာ ၀ိုင်အမ်ဘီအေတို့ ဂျီစီဘီအေတို့က အရင်ဦးဆုံးပေါ်လာကြတဲ့ အသင်းအဖွဲ့တွေပါ၊ အမျိုးသားစိတ်ဓာတ်ကို နှိုးဆော်ရာကနေ နိုင်ငံရေးဘက်ကူးကြတဲ့အခါကြတော့ ဗြိတိသျှအုပ်ချုပ်ရေးလက်အောက်ခံ နိုင်ငံရေး သမားတွေ  ဖြစ်ကုန်ကြပါတယ်။ သူတို့တွေကို မြန်မာပြည်လုံးဝလွတ်မြောက်ရေးလုပ်ဆောင်ရာမှာ ပြည်သူတွေနဲ့ လူငယ်မျိုးဆက်တွေက အားကိုးမရတာကြောင့် ကျွန်ခေတ်က လုံးဝလွတ်မြောက်ရေးကို ဦးတည်တဲ့ ဒို့ဗမာအစည်းအရုံးကြီး ပေါ်ထွန်းလာရတယ်လို့ ဆင်ခြင်မိပါတယ်။ အဲသည်က ဒို့ဗမာသခင်တွေဆိုတာ ကျောင်းသားသမဂ္ဂတွေနဲ့ လူထုလူတန်းစားအစုအဖွဲ့အသီးသီးကနေ နိုင်ငံရေးဖက်ကိုကူးလာကြတဲ့ သခင်အောင်ဆန်း၊ သခင်နု၊ သခင်သန်းထွန်း စသည်ဖြင့် နိုင်ငံရေးမျိုးဆက်သစ်တွေအဖြစ် […]

Read more of this post