ရန်လိုကျွဲ  - အတိုင်ပင်ခံ ဒီဇင်ဘာ ၅၊ ၂၀၁၄ ဂျာနယ်တိုက်ကပေးသော ဆံထုံးတော်ကြီးတမာသီးလစာကို အားကိုးရလျှင်ဖြင့် သတင်းထောက်တစ်ယောက်အဖို့ မြို့ကြီးရန်ကုန်တွင် ရှင်သန်ရခက်ခဲလှသည်။ ထို့ကြောင့် အပိုဝင်ငွေ ရှာဖွေရေး တို့အရေး ကြွေးကြော်သံကို လက်ကိုင်ထားပြီး သတင်းထောက် ရန်လိုကျွဲ အချိန်ပိုင်း လုပ်ကိုင်ရန် ရွေးချယ်လိုက်သည်က အတိုင်ပင်ခံ ဟူသော အလုပ်ဖြစ်သည်။ ဘိုလို ပြောရပါက Consultant ဟူသတည်း။ ဤအလုပ်မှာ နှယ်နှယ်ရရမဟုတ်။ လူရိုသေ ရှင်ရိုသေ၊ ဝါရင့်၊ ကျွမ်းကျင်အဆင့်သို့ရောက်ပါက တစ်ရက်ဝင်ငွေသည် သတင်းသမားလစာထက် များသည် ဟူသတတ်။ မက်စရာ ပမာဏဖြစ်ပေသည်။ အတိုင်ပင်ခံဆိုသူတို့၏အလုပ်မှာ စကားများများပြော လေပေါရခြင်းပင်။ လေဟူသည်မှာ ကိုင်တွယ်၍ ပွတ်သပ်၍ မရသော်ငြားလည်း ဖောဖောသီသီ၊ အခမဲ့ ရရှိနေသောကြောင့် အရင်းအနှီးမရှိသလောက်ပင်။ လေပေါသည့်ငနဲ၊ စကားဖွာလွန်းသည့်ကောင်၊ […]

Read more of this post