နယူးယောက်မြို့တော်မှာ လူဖြူရဲက လူမည်းတဦးကို လည်ပင်းချုပ် ဖမ်းဆီးရာမှ သေဆုံးသည့် အမှု မြို့တော်ခုံရုံးက အပြစ်မယူ (နိုင်ငံတကာသာဂိ၊ မိုးမခ) ဒီဇင်ဘာ ၅၊ ၂၀၁၄ အမေရိကန်ပြည်ထောင်စုမှာ လူဖြူရဲတွေက လူမည်းတွေကို ဖမ်းဆီးအရေးယူရာမှာ အကြမ်းဖက်မှု အလွန်အကျုးလုပ်ခဲ့ကြတဲ့အတွက် သေဆုံးမှုတွေ တခုပြီး တခု လူထုကို လှုပ်နိုးနေပါတယ်။ ဇူလိုင် ၁၇၊ နယူးယောက်မြို့ လမ်းမပေါ်မှာ ဥပဒေမဲ့ စီးကရက်တလိပ်ချင်း ရောင်းချနေတဲ့ လူမည်းတဦး (Eric Garner, 43 years) ကို ဖမ်းဆီးအရေးယူရာမှာ အကြမ်းဖက်ပြီး အင်အားအဆမတန်သုံး ဖမ်းဆီးတဲ့အတွက် ဂါနာဟာ လမ်းပေါ်မှာ အသက်ရှုကြပ်ပြီး သေဆုံးခဲ့ရပါတယ်။ ရဲအများအပြားက ၀ိုင်းဖမ်းရန် ကြိုးစားရာမှာ ငြင်းဆန်နေတဲ့ ဂါနာကို လူဖြူရဲသားက လည်ပင်းကို နောက်ကနေ ချုပ်ပြီး […]
Read more of this post
No comments:
Post a Comment