တူမောင်ညို  - လွှတ်တော် ဝဋ်ဆင်းရဲမှာ ဇွတ်ဆွဲပြီး မနေကြပါနဲ့ (မိုးမခ) ဒီဇင်ဘာလ ၁၃၊ ၂၀၁၄ photo source :  http://www.thehindu.com အတိုက်အခံများအတွက် လွှတ်တော်တွင်းနိုင်ငံရေးကား လမ်းဆုံးနေချေပြီ၊  ရှေ့ခရီးဘယ်လိုဆက်ကြမလဲ။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဝင်စဉ်က ချမှတ်ခဲ့တဲ့ "တာဝန်ကြီး ၃ ရပ်" (ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင် ဆင်ရေး) ကို လွှတ်တော်တွင်းမှာ ဘယ်လောက်အတိုင်းအတာအထိ လုပ်ဆောင်နိုင်ခဲ့ကြသလဲ။ ထိရောက်တဲ့ အကျိုး သက်ရောက်မှု ဘာတွေရရှိခဲ့သလဲဆိုတာ ဒီချုပ်ပါတီနဲ့လွှတ်တော်ကိုယ်စားလှယ်များက ဆန်းစစ်သင့်ပါတယ်။ ဆန်းစစ်ရရှိလာတဲ့အချက်တွေကို ပြည်သူအများသိရှိအောင်တင်ပြအစီရင်ခံသင့်ပါတယ်။ အောင်မြင်မှုရရှိခဲ့တဲ့ ရည်မှန်းထားချက်တွေက ဘာတွေလဲ။ မျှော်မှန်းထားပြီး မရရှိခဲ့တာတွေက ဘာတွေလဲ။ ဘာကြောင့်အောင်မြင်မှုတွေရရှိခဲ့ပြီး၊ ဘာကြောင့်မရရှိခဲ့သလဲ၊ ဘယ်လို ပြုပြင်သွားမှ၊ ဘယ်လိုနည်းလမ်းနဲ့ပြောင်းလဲဆောင်ရွက်နိုင်မှရည်မှန်းချက်တွေပေါက်မြောက်နိုင်မလဲစသဖြင့် အချက်အလက်ရှိရှိဆန်းစစ် လေ့သုံးသပ်တင်ပြသွားသင့်တယ်လို့မြင်ပါတယ်။ လွှတ်တော်တွင်းနိုင်ငံရေး […]

Read more of this post