တက္ကသိုလ်ရွှေရီဝင်း - အမြီးမရှိတဲ့ မြေခွေး (Academic Weekly vol 3 No 46)၊ ဒီဇင်ဘာ ၁၃၊ ၂၀၁၄ တခါတုန်းက မြေခွေးတစ်ကောင်ဟာ အစာရှာဖို့ထွက်လာခဲ့တယ်။ သူဟာ သစ်တောအုပ် တစ်ခုအတွင်းမှာရှိတဲ့ ကွင်းပြင်တစ်ခုထဲမှာ ဟိုဟိုဒီဒီလျှောက်ပြီး အစာရှာနေတယ်။ ဒါပေမယ့် အချိန်အတော်ကြာတဲ့အထိ အစာရှာလို့ မရဘူး ဖြစ်နေတယ်။ အဲဒီလို ဖြစ်နေတုန်း သစ်ပင်တစ်ပင်ရဲ့ အောက်မှာ ငှက်တစ်ကောင်ကို သွားတွေ့တယ်။ မြေခွေးဟာ ၀မ်းသာအားရနဲ့ ငှက်ကိုဖမ်းဖို့ ပြေးသွားတယ်။ အဲဒီလိုပြေးရင်းနဲ့ သူ့အမြီးဟာ ထောင်ချောက်တစ်ခုမှာ သွားပြီး မိတော့တယ်။ ဒီထောင်ချောက်ဟာ သားလိုက်မုဆိုးတွေက သားကောင်တွေကို ဖမ်းဖို့ ထောင်ချောက်ဆင် ထားတာ ဖြစ်တယ်။ ဒီထောင်ချောက်မှာ ခွေးသွားစိတ်ပုံ သံချောင်းတွေ ပါပြီးသားကောင်ကို […]
Read more of this post
No comments:
Post a Comment