ဒေါ်အောင်ဆန်းစုကြည် - ဒီစကား ဒီစကား၊ ဒီလှိုင်းဂျာနယ်၊ အတွဲ(၃) အမှတ်(၄၈)၊ ဒီဇင်ဘာ ၁၀၊ ၂၀၁၄ (ထပ်ဆင့်မျှဝေပေးခြင်းအတွက် "မေတ္တာရိပ်" မှ ကျေးဇူးအထူးတင်ရှိပါတယ်။) သောကြာနေ့ (ဒီဇင်ဘာ ၅ရက်)က ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးများ ဖိုရမ်ဖွင့်ပွဲနေ့ကို နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ လွှတ်တော်ရဲ့ ၁၁ကြိမ်မြောက်အစည်းအဝေးက နိုဝင်ဘာ၂၈က ပြီးသွားခဲ့ပြီမို့ ကျွန်မလည်း ရန်ကုန်ပြန်ရောက်နေပါပြီ။ ဒါပေမဲ့ ရန်ကုန်က တက်ရောက်ဖို့ ဖိတ်ကြားထားသူအားလုံးကို လေယာဉ်တစ်စီးငှားပြီး နေပြည်တော်အရောက်ခေါ်တာနဲ့ ကျွန်မလည်း ပါသွားပါတယ်။ ဒီလိုအစည်းအဝေးအမြောက်အများ တက်ဖူးပြီးပါပြီ။ ဆွေးနွေးပြောဆိုတာတွေဟာ စိတ်ဝင်စားစရာရှိသလို ထပ်တလဲလဲကြားပြီးစကားတွေလည်း ပါပါတယ်။ အမျိုးမျိုးပါပဲ။ ကျွန်မအတွက် တန်ဖိုးအရှိဆုံးက နိုင်ငံတကာမှ ရောက်လာတဲ့မိတ်ဆွေတွေနဲ့ ပြန်တွေ့ရခြင်းပါပဲ။ ကိုယ့်နိုင်ငံရဲ့ သာယာဖွံ့ဖြိုးရေးအတွက် ကိုယ်ကြိုးစားတာ ဘာမှမထူးဆန်းပါဘူး။ ကိုယ်တိုင်အကျိုးခံစားပိုင်ခွင့်ရမယ်ဆိုတာတောင် အန္တရာယ်များတဲ့အခါမှာ မလုပ်ရဲ၊ […]
Read more of this post
No comments:
Post a Comment