မောင်လူပေ - ရှန်ဟိုင်း စတော့ညွှန်းကိန်း ငါးရာခိုင်နှုန်း ထိုးကျသွားတယ် ဆိုလို့ (သူ့ဖေ့စ်ဘွတ်) ဒီဇင်ဘာ ၁၀၊ ၂၀၁၄ စတော့ညွှန်းကိန်းဆိုတာ ထိပ်တန်းစတော့ရှယ်ယာတွေကို ပျမ်းမျှခြင်းချပြီး ရတဲ့ကိန်းဂဏန်းကို ခေါ်တာ။ ဒါကြောင့်မို့ တရုတ်စတော့ဈေးကွက်ရဲ့ တန်ဖိုး ငါးရာခိုင်နှုန်းကျော် ကျဆင်းတာပဲ။ နှစ်သုံးဆယ်ကျော်အတွင်း အကြီးမားဆုံးကျဆင်းမှု။ ဆက်ကျရင် တရုတ်စတော့ဈေးကွက် ပျက်မှာမို့ အားလုံးထိတ်လန့်နေကြပြီ။ အကြောင်းကတော့ ပြည်နယ်အစိုးရတွေကို ငွေချေးတာတွေ တင်းကြပ်လိုက်လို့ပါပဲ။ တရုတ်မှာ ဂျီဒီပီလို့ ခေါ်တဲ့ စီးပွါးတိုးတက်မှုနှုန်း အရမ်းမြင့်တယ်။ ဒီလို ကိန်းဂဏန်းတွေမြင့်ဖို့ ပြည်နယ်အစိုးရတွေက အတိုးမြင့် ငွေတွေချေးပြီး မြို့သစ်တွေ တစ်နှစ် အလုံးနှစ်ဆယ်လောက်တည်ဆောက်နေတယ်။ လူတွေလည်း အလုပ်ရတယ်ပေါ့။ ပြသနာက ဒီမြို့သစ်တွေက သာမန်တရုတ်တွေ မဝယ်နိုင်တဲ့ဈေးနဲ့ ရောင်းတာပဲ။ ချမ်းသာတဲ့ တရုတ်တွေက အိမ်ခန်းတွေ ဝယ်။ […]
Read more of this post
No comments:
Post a Comment