မောင်သန်း - သဘောပေါက်ပါတယ် (မိုးမခ) ဒီဇင်ဘာ ၅၊ ၂၀၁၄ အခန်း -၁- မွေးရပ်မြေကိုနှစ်ပေါင်း (၂၀) ကျော်စွန်ခွာခဲ့တဲ့ "မောင်သန်း" တယောက်၊ ရေကိုဖြတ် အပြတ်ခက် ဆို သလိုပေါ့ - ဘယ်မြို့၊ ဘယ်နိုင်ငံရောက်ရောက်၊ အမိမြေအကြောင်းမကြားရ၊ မဖတ်ရရင် ဘယ်လိုမှ နေလို့မရပါဘူး။ ဖတ်ပြီးပြန်တော့လည်း အိပ်လို့မပျော်တော့ပါဘူး။ "မောင်သန်း" တို့ အမိမြေကို တချို့သောပညာရှင်တွေက သဘာဝသယံဇာတ ကျိန်စာမိနေသော နိုင်ငံ တနိုင်ငံအဖြစ်ရှုမြင်သုံးသပ်ကြပါတယ်။ သယံဇာတလို့ဆိုလိုက်ရင် "မောင်သန်း" မျက်စေ့ထဲမှာတော့ သဘာဝဓာတ်ငွေ့တွေ၊ သစ်တောကြိုးဝိုင်းတွေ၊ ရွှေ ကြေးနီနဲ့ အခြားကျောက်မျက်ရတနာတွေသာမက၊ သက်ရှိအဖိုးတန်ရတနာတွေအဖြစ် ကမ္ဘာ့နိုင်ငံအသီးသီးကို အကြောင်းအမျိုးမျိုးကြောင့်ရောက်နေကြ တဲ့ လူငယ်လူရွယ်တွေ၊ ပညာရှင်တွေ၊ နဲ့ကျမ်းတတ်ပေတတ်ပုဂ္ဂိုလ်တွေလည်းပါတယ်လို့ယုံကြည်ပါ တယ်။ "မောင်သန်း" မသိလို့မေးပါရစေတော့ဗျာ - အဲ့လိုပြည်ပကို […]
Read more of this post
No comments:
Post a Comment