ရန်ကုန်ဓာတ်ပုံပွဲတော်က ဓါတ်ပုံပညာဒါန သင်တန်းများ ပို့ချမည် ရန်နောင်(ဗိုလ်တထောင်) မိုးမခ၊ ဒီဇင်ဘာ ၉၊ ၂၀၁၄ ရန်ကုန်ဓါတ်ပုံပွဲတော်သည် သတ္တမအကြိမ်မြောက် ပွဲတော်ကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ပညာဒါနအဖြစ်ဓါတ်ပုံ သင်တန်း ဖွင့်လှစ်မည့် အကြောင်း သတင်းစာရှင်းလင်းပွဲကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့ တွင် ပြင်သစ်ယဉ်ကျေးမှု ဌာန ၌ နံနက် (၁၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။ တစ်ပတ်ကြာကျင်းပမည့် ဓါတ်ပုံပွဲတော်တွင် ချစ်ခြင်းမေတ္တာ ခေါင်းစဉ်ဖြင့် ဓါတ်ပုံများ ကို ပြသကြမည်ဖြစ်သည်။ဓါတ်ပုံဇာတ်လမ်းများကို ပိတ်ကားပေါ်တွင် ပြသပြီး ၎င်းတို့အပေါ် အမြင်ဖလှယ်ဆွေးနွေးခြင်းများ၊ နိုင်ငံတကာမှ ဓါတ်ပုံအနုပညာရှင်များ၏ ဟောပြောပို့ချချက်များနှင့် အကြောင်းကြောင်းကြောင့် လေလွင့်နေရသော ကလေးငယ်များ၏ ဓါတ်ပုံအနုပညာနှင့် […]
Read more of this post
No comments:
Post a Comment