တူမောင်ညို - ငါတို့ မျက်နှာကောင်းမရဘူး - ဘယ်သူမှမချီးကျူးဘူး မိုးမခ၊ (၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်) ရေခဲတောင်တက်၊ ခေါင်းလောင်းဆယ်၊ မျိုးစောင့်ဥပဒေ၊ စသဖြင့် ထွင်လုံးတွေ အစီအရီဆိုသလို ပေါ်ပေါက်နေပါတယ်။ အဲဒီထဲကနေ နောက်ဆုံးပေါ်လာတာတစ်ခုက "ခေတ်အဆက်ဆက်ကျဆုံးသွားတဲ့သူရဲကောင်းစစ်သည်များ အလေးပြုပွဲ" တဲ့။  "ဘီဘီစီ၊ဗွီအိုအေ၊ အာအက်ဖ်အေ၊ ဒီဗွီဘီ" တို့မှာ ဒီသတင်းတွေပါသလားတော့ မသိပါဘူး။ (FB) မိတ်ဆွေ တစ်ဦးက (share) လို့ ရှေ့ဆုံးတန်းမှာ နေရာယူ အလေးပြုနေကြတဲ့ ဗိုလ်နေဝင်းမြေး၂ ယောက်နဲ့ ဗိုလ်ထွန်း ကြည်တို့ ဓါတ်ပုံတွေ တွေ့ရတယ်။ အချို့လည်း ဒီပွဲဟာ ဗိုလ်နေဝင်းမြေး အေးနေဝင်းနဲ့ကျော်နေဝင်းတို့ ညီအစ်ကိုက စပွန်ဆာလုပ်ပေးတာလို့ ပြောကြတယ်။ ဘယ်လောက်မှန်မည်တော့မသိပါ။ ဒီပွဲရဲ့ရှေ့ဆုံးတန်းမှာတော့ သူတို့ညီအစ်ကို ကိုတော့တွေ့ရပါတယ်။ […]

Read more of this post