အရှင်ကုသလသာမိ (အတည်မဲ့) - စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၁၄) (မိုးမခ) ဒီဇင်ဘာ ၁၁၊ ၂၀၁၄ ယခင်အပတ်မှ အဆက် (၆၁) နော်ဝေနိုင်ငံက မြန်မာများနှင့် လမ်းခွဲပြီးတော့ နောက်ထပ် ဆွီဒင်နိုင်ငံရှိ ကိုသော်အောင်စသည့်မြန်မာများနှင့် ဇာတ်လမ်းတစ်ပုဒ် ဆက်ရပြန်ဦးမည်။ ရွှေညဝါဆရာတော်တို့က တစ်စီး၊ စာရေးသူက ကိုသော်အောင် မောင်းသည့်ကားကို စီးရသည်။ ကိုသော်အောင်က မလေးရှားမှ ရောက်လာသူ။ မလေးရှားက ရှေးဟောင်းနှောင်းဖြစ်များကို ပြန်လည်သတိရစေသည်။ ကိုယ်သိသည့်သူများကိုလည်း သူ သိနေသည်။ သူသိသည့်သူများကိုလည်း ကိုယ်သိနေသည်။ အတိတ်ဖြစ်ရပ်များက ပစ္စုပ္ပန်ရောက်လာပြီး စကားပြောကြသည်။ ယူစရာ သင်္ခန်းစာတွေ တစ်ပုံတစ်ပင်ကြီးပါလား။ ဖြစ်ရပ်တစ်ခုတွင် ကိုယ်တိုင်ပါဝင်နေရချိန် ပစ္စုပ္ပန်တည့်တည့်တွင် ၎င်းဖြစ်ရပ်ကို အမှန်အတိုင်း ရှုမြင်သုံးသပ်နိုင်ဖို့ ခက်သည်။ မှန်သည် မှားသည် ပြောရတာ […]

Read more of this post