မာမာအေး - ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် - အမှတ် (၅၆၂) ဒီဇင်ဘာ ၁၁၊ ၂၀၁၄ • နာမည်လွဲတဲ့ သီချင်း သောတရှင်များ ကျန်းမာတော်မူကြပါစေရှင် ... မာအေးချစ်တဲ့ သောတရှင်တွေ ဂီတဝါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေးကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသားကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ သောတရှင်တို့ရေ၊ မာအေးတော့ သီချင်းနာမည်တူတွေရှိတဲ့အကြောင်းကို ပြောပြချင်တယ်။ တဆက်ထဲမှာ မူလနာမည်တွေကို မသိကြလို့၊ အမှတ်တမဲ့- တခြားနာမည်ကောက်ပြင်ခဲ့လို့ ဘယ်သီချင်းမှန်းမသိတော့တာတွေလဲ ရှင်းပြသွားဘို့ စိတ်ကူးပါတယ်ရှင်။  ၁၉၅၀-၅၁ လောက်ကစပြီး ဂီတလောကကြီးထဲ ကျောက်ချင်စွဲသလိုနေလာတာကြောင့်မို့  ရှေ့မီနောက်မီဆိုတဲ့ သူတွေထဲမှာ ပါလာခဲ့တယ်ဆိုပါတော့ရှင်။ ခုအချိန်မှာ ကိုယ့်ရှေ့က ဂီတကြယ်တွေ တဖြုတ်ကုန်ကြပြီလေ။ ဒါကြောင့် သိတ်မကျန်တော့တဲ့ကာလထဲမှာ နှောင်းလူတို့ အငြင်းမပွားရ အောင်ရှင်းထားပေးဘို့ စိတ်ကူးရတာပါဘဲ။ ကိုယ်သိမီတာလောက်ပေါ့နော်။ ခုလတ်တလောမှာရှင်းပြချင်တာကတော့ 'ငယ်ကျွမ်းဆွေ' […]

Read more of this post