မင်းကိုနိုင် သမ္မတကြီး လုပ်မှာလား ဆိုတဲ့ ... အမေး ၊ အဖြေ မင်းကိုနိုင်၊ ဂျပန်မြန်မာမိသားစု တွေ့ဆုံပွဲ (ဖေ့စ်ဘွတ်) ဒီဇင်ဘာ ၁၀၊ ၂၀၁၄ https://www.facebook.com/thanyar.khin/about ဒီဇင်ဘာ ၆၊ ဂျပန်နိုင်ငံ မြန်မာမိသားစုနဲ့ တွေ့ဆုံ မေးမြန်းခန်း ဖြစ်ပါတယ်။ မေးခွန်း ။    ။ ကိုမင်းကိုနိုင်ကို တကယ်လို့ လူထုကဝိုင်းဝန်းပြီး သမ္မတကြီးအဖြစ် ရွေးချယ်တင်မြှောက်မယ်ဆိုရင် လုပ်မှာလားရှင်..။ (ပြီးရော.. သူ့ထက်ရှင်းတဲ့မေးခွန်းတောင် သူ့လောက်မရှင်းဘူး) ကိုမင်းကိုနိုင်။    ။ အမှန်တရားဟာ နည်းနည်းတော့ ခါးချင်ခါးမယ်။ ရုတ်တရက်လည်း လက်ခံချင်မှလက်ခံမယ်။ ဒါကတော့ စဉ်းစားပါ။ ကျနော်လည်း စဉ်းစားစေချင်တာကိုပြောတာပါ။ နောက်တစ်ခုက လူနဲ့တော့ မစဉ်းစားပါနဲ့ လို့ကျနော် ထပ်ကာထပ်ကာ မေတ္တာရပ်ခံထားတယ်။ ဂျပန်နိုင်ငံမှာ ဝန်ကြီးချုပ်သည် အာဏာအရှိဆုံး။ […]

Read more of this post