ဖိုးစီ (ရုံးတော) အမေ၏ နိုင်ငံရေး (မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၁၄ မနက်ဖြန်ခါ အမေရောက်မည်။  ရွာမပြန်နိုင်လေသော သားအတွက် သား ရှိရာကို အမေလာရသည်။  သားကို လွမ်း၍လော၊ မြေးကို မှန်း၍ လာမည်လော အမေသာ သိမည်။ နှစ်ဦး နွေရာသီတုန်းက တခေါက် အမေ လာခဲ့သေးသည်။  ရန်ကုန်ကိုပင် ညအိပ်ညနေ (၂) ရက်ပြည့်အောင် မရောက်ခဲ့ဖူးသော အမေ့အတွက် စင်္ကာပူက အံ့သြဘနန်း ခမ်းနားလှလိမ့်မည် ဟု ကျနော် ထင်ထားခဲ့ဖူးသည်။  အမေ ရောက်လာတော့ ကျနော့် အထင်မှားမှန်း သိရသည်။ လူဝင်မှုကြီးကြပ်ရေး ကောင်တာ ကိုဖြတ်ပြီး ထွက်လာသော အမေသည် သားကို နှုတ်မဆက်အား။  အမေ့ အကြည့်က ဗျက်လက်တ၀ါးခန့် သာသာ […]

Read more of this post