ဖိုးထက် - စိတ်အယားဖြေ ရင်ဖွင့်စာ (မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၁၄ "အနုပညာသည် ပြည်သူ့အတွက်"၊ "အနုပညာသည် အနုပညာအတွက်" ဆိုသည့် စကားနှစ်ခွန်းအတွက် ဆရာကြီး ဒဂုန်တာရာတို့ ခေတ်က တစ်ဖက်နှင့် တစ်ဖက် အယူအဆ သဘောထား ကွဲပြားခဲ့ကြဘူးသည်လို့ ကျွန်တော် ဖတ်ဘူးသည်။ စာရေးခြင်းသည် အနုပညာဟု ဆိုလျှင် စာအနည်းငယ် ရေးဖို့ အစဉ်အမြဲ ကြိုးစားနေသော ကျွန်တော့်အဖို့ အနုပညာနှင့် အနည်းငယ် စိုးစိခန့်မျှ ဆက်စပ် ပါတ်သက်သည်လို့ ဆိုပါရစေ။ သို့သော်လည်း အထက်က စကားနှစ်ခွန်းအတွက် ကျွန်တော်က ဘယ်ဘက်ကိုမျှ ၀င်ရောက်ပါဝင်ပြီး မဆွေးနွေးလို။ ဆွေးနွေးရလောက်အောင်လဲ အနုပညာ စွမ်းရည် ပြည့်ဝသည့် စာရေး ဆရာကြီးလဲ မဟုတ်။ တကယ့် ငချွတ်တား။ ကျွန်တော့် […]

Read more of this post