ကေတုမာလာ - အစဉ်အလာတစ်ခုကို ပြောင်းလဲလိုက်တဲ့အခါ (The Voice Weekly) အောက်တိုဘာ ၁၈၊ ၂၀၁၄ အစဉ်အလာဆိုတဲ့စကားလုံးကို ထိန်းသိမ်းခြင်း စောင့်ရှောက်ခြင်းဆိုတဲ့ စကားလုံးတွေနဲ့ တွဲမြင်ရလေ့ရှိပါတယ်။ ခေတ်အဆက်ဆက်က လူတွေရဲ့လိုအပ်ချက်အမျိုးမျိုး အယူအဆအဖုံဖုံတွေကနေ မှီတည်ဖြစ်ပေါ်လာတဲ့ ရှေးအစဉ်အလာတွေဟာ တစ်ခါတစ်ရံ လူ့အသိုင်းအဝန်းကြားမှာ အမှန်တရားတစ်ခုလို ပုံမှားရိုက်ပြီး လွှမ်းမိုးနေလေ့ရှိပါတယ်။ ၂၀၁၁ နှစ်တုန်းက ကမ္ဘာ့သတင်းတစ်ခုကို အမှတ်မထင် ကြားခဲ့ရတယ်။ အဖိနှိပ်ခံတိဗက်ပြည်သူတွေ လွတ်မြောက်ရေးအတွက် တစ်ဘဝလုံးမြှုပ်ပြီး ကြိုးပမ်းလုပ်ဆောင်ခဲ့တဲ့ တိဗက်တွေရဲ့ အဓိပတိရာဇာ ဘုန်းတော်ကြီး ဒလိုင်းလားမား နိုင်ငံရေးကနေ အနားယူလိုက်ပြီဆိုတဲ့သတင်းပါပဲ။ အဲဒီသတင်းကြားရတော့ အဖိနှိပ်ခံတိဗက်တွေရဲ့ လွတ်မြောက်ရေး မျှော်လင့်ချက်လည်း ဝေးပြီလို့ တွေးမိပြီး တိဗက်တွေအတွက် အဲဒီတုန်းကတော့ တကယ်ပဲ စိတ်မကောင်းဖြစ်ခဲ့ရတယ်။ စိတ်ထဲမှာလည်း ဘုန်းတော်ကြီး ဒလိုင်းလားမားကို မေးခွန်းထုတ်နေမိပါတယ်။ တရုတ်က […]

Read more of this post