ရန်လိုကျွဲ - ရန်ကုန်မြို့ တော်လှန်ရေး စတင်လေပြီ (Yangon Globe) အောက်တိုဘာ ၁၇၊ ၂၀၁၄ ယခုအချိန်သည် ရန်ကုန်မြို့တခွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ အလုပ်ပိုရှုပ်ချိန်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော်... ရွေးကောက်ပွဲကြောင့်ဖြစ်၏။ ရွေးကောက်ပွဲအတွက် အထူးတလည် ပြင်ဆင်နေကြ၏။ ရွေးကောက်ပွဲ ဖြစ်လာမည်ဟု မည်သူ ထင်သနည်း၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုအဆင်မပြေလျှင် ၂ဝ၁၅ ရွေးကောက်ပွဲ ကျင်းပရန် မသေချာသည့်သဘော လေသံပစ်သူက ပစ်နေသည်မဟုတ်လော ဟု မေးသူက မေးနိုင်သည်။ ဟုတ်သည်။ ၂ဝ၁၅ ရွေးကောက်ပွဲက ဂဏန်းမငြိမ်။ ယခု ရန်ကုန်တွင် ပြင်ဆင်နေကြသည့်အရာကား ၂ဝ၁၅ အတွက် မဟုတ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်များကို ၂ဝ၁၄ မကုန်ခင် ရွေးကောက်တင်မြှောက်ရေး မဲပေးကြရန် ပြင်ဆင်နေခြင်း ဟူသတည်း။ ရန်ကုန်၏ ၂ဝ၁၄ ရွေးကောက်ပွဲ။ ဟုတ်သည်။ […]

Read more of this post