အရှင်ကုသလသာမိ (အတည်မဲ့) - စကန်ဒီနေဗီးယားတိုင်းပြည်များသို့ခရီး (အပိုင်း ၄) (မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၁၄ ယခင်အပတ်မှ အဆက် (၁၇) Fulda ဘူတာမှ အထွက်တွင် ဒိန်းမတ်လူငယ်တစ်ဦး အခန်းထဲရောက်လာသည်။ အတန်ကြာ ခရီးနှင်ပြီးသောအခါ ရဲများ တံခါးလာခေါက်သည်။ အမှန်အားဖြင့် တံခါးက သော့ခတ်ခြင်း၊ ဂျက်ချခြင်း မရှိပါ။ တံခါးခေါက်သည့် ယဉ်ကျေးမှုကို လေးစားသွားရပြန်သည်။ မြန်မာနိုင်ငံသားများ ပြောလေ့ရှိသော "လုပ်ကြပါ လုပ်ကြပါ၊ ရှင်တို့က ရဲတွေကိုး"ဟူသော စကားကလည်း ခေါင်းထဲ ရောက်ဖြစ်အောင် ရောက်လိုက်သေးသည်။ အမှန်ဆို သူက ရထားပေါ်မှာ တာဝန်ရှိသူပဲ၊ ရထားတွဲပေါ်မှာ လွတ်လပ်စွာ ဝင်ထွက်ခွင့်ရှိနေပါလျှက် တံခါးခေါက်ပြီးမှသာ ဝင်လာသည်။ ဂျာမန်အမျိုးသားကြီးက တံခါးဖွင့်ပေးလိုက်သည်။ ရဲအရာရှိက "ပတ်စပို့နဲ့လက်မှတ်ပေးပါ"ဟု ဆိုသည်။ စာရေးသူလည်း […]

Read more of this post