မောင်ရင်ငတေ - အတွေးစတစ (အလွမ်းရယ်ဖြေ ပြေနိုင်မတဲ့လား) (မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၁၄ ရှေးရှေးတုန်းက အညာလမ်း (ပြင်သစ် ခရီးသွားစာအုပ်တအုပ်မှ မရငတ ပြန်လည်ရိုက်ကူးသည်) ဒီလို ပုံဟောင်းတွေထဲက အညာလမ်းလေးတွေကိုလည်း လွမ်းမိပါတယ်။ အတိတ်က ကိုယ်တိုင် ဖြတ်သန်းသွားလာဖူးခဲ့တာဆိုတော့ ပိုလွမ်းစရာ ကောင်းလှပါတယ်။ ကိုယ့်အတွက်တော့ လောကကြီးဟာ အချိုးမကျတာတွေ အချိုးမတဲ့ခဲ့တာတွေ အများကြီးပါ။ မောင်ရင်င တေဆိုတာလည်း ကိုယ်သိပ်ဖြစ်ချင်လွန်းလို့ ဖြစ်လာတာမျိုးမဟုတ်ပါဘူး။ ကိုယ်လုပ်ချင်ရာလေးတွေကို လုပ်ကြည့်ရင်းနဲ့ အချိန်အခါ တိုက် ဆိုင်သွားလို့ ဒီလောက်လေးဖြစ်လာတာမျိုးပါ။ သိပ်ပြီးတော့ ဆက်ဖြစ်လာဖို့ ကြိုးစားပမ်းစားစိတ်တွေလည်း သိပ်မရှိလှပါဘူး။ ကိုယ်လုပ် ချင်တာ ကိုယ်ဖြစ်ချင်တာ ကိုယ်နေချင်တာ ကိုယ်သွားချင်တာ ကိုယ်စားချင်ရာ ….. စတာ စတာတွေဟာ ဖြစ်ချင်မှ ဖြစ်လာတတ်တာမျိုး မဟုတ်ပါလား။ […]
Read more of this post
No comments:
Post a Comment