ရန်လင်းအောင် - ပြည်လုံးပြာ (မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၁၄ လွှတ်ပြန်ပြီတဲ့ ဖမ်းပြန်ပြီ ဖမ်းပြန်ပြီတဲ့ လွှတ်ပြန်ပြီ ဖြူနှင်းထွေး လွတ်ပြီလား ဖြူနှင်းထွေး တကယ် လွတ်ပြီလား သူ လွတ်ပြီလား ငါလွတ်ပြီလား ခင်ဗျားတကယ်လွတ်ပြီလား ဖြူနှင်းထွေး ကော တကယ်လွတ်ပြီလား ။ ဦးဝင်းတင် သေသည်အထိ အပြာဝတ် မချွတ်တမ်း မလွတ်သောသရုပ်ကိုပြခဲ့ပြီ ။ ဘုရားစူးစေ့ ဒီမိုကရေစီ မိုးကြိုးပစ် ဒီမိုကရေစီ ပလီလွန်း မြည်လွန်းနေသမျှ ဥပဒေခမျာ သဘောရှိ ကရောဟိ လွှတ်ချင်လွှတ် ချုပ်ချင်ချုပ် ထူးမခြားနား အကျယ်ချုပ်မှာ ငါတို့ အားလုံး ပြည်လုံးပြာ ။ ။ (သရုပ်ဖော် - ပန်းချီ သန်းဌေးမောင်)
Read more of this post
No comments:
Post a Comment