အရှင်စန္ဒိမာ (မွန်စိန်တောရ) - တရားမျှတမှုလိုလားသူတို့၏ တရားမဲ့မှုတွေ (မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၁၄ ယခင်စစ်အစိုးရလက်ထက်က ပြည်ပမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားများ အထူးသဖြင့် ထိုင်း မလေးရှားနိုင်ငံများမှ မြန်မာနိုင်ငံသားများဟာ မျက်နှာငယ် အနိုင်ကျင့်ခံ ခေါင်းပုံဖြတ်ခံ အစော်ကားခံ လူကုန်ကူးခံ ကျွန်အဖြစ် အရောင်းစားခံ အသတ်ခံခဲ့ကြရတဲ့ သတင်းတွေကို စိတ်ထိခိုက်ဖွယ် ကြားသိခဲ့ရပါတယ်။ ဒါပေမယ့် ထိုအချိန်က မြန်မာနိုင်ငံသားများအတွက် မြန်မာသံရုံးများရဲ့ အကာအကွယ် အကူအညီတွေ မရသလောက် ဖြစ်ခဲ့ပါတယ်။ မိဘအရင်းအချာရဲ့ အပစ်ပယ်ခံရတဲ့ သားသမီးတွေကို အခြားလူစိမ်းတွေက အနိုင်ကျင့်စော်ကားတာ မဆန်းပါ။ ပြည်ပနိုင်ငံတွေမှာ သွားရောက် အလုပ်လုပ်နေကြရတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အဖြစ်တွေဟာ အားကိုးရာမဲ့လို ဖြစ်နေခဲ့တာ အတော်ပင် ကြာမြင့်ခဲ့ပါပြီ။ ၂၀၁၁ ခုနှစ် အရပ်သားအမည်ခံ အစိုးရလက်ထက်ရောက်တော့ […]
Read more of this post
No comments:
Post a Comment