ရန်နောင် (ဗိုလ်တထောင်) - ကြည့်မြင်တိုင် မျက်မမြင်ကျောင်းကို ရောက်ခဲ့တဲ့ တခေါက်တကျင်း (မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၁၄ စာမတတ်လျှင် အကန်းဟု မြန်မာဆိုရိုးစကားပုံ တစ်ခု ရှိသည်။ ထို အဆိုကို ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှ ကျောင်းသား၊ကျောင်းသူများက ပြောင်းပြန်လှန်ပစ် လိုက်သည်မှာ ကြာခဲ့ပြီဖြစ်သည်။ ကြည့်မြင်တိုင် မျက်မမြင် ကျောင်းမှ ပညာရေးကို ဘွဲ့ရသည်အထိ ဆုံးခန်းတိုင်အောင်သင်ယူခဲ့ကြသူများ၊အားကစား၊ဂီတ ၊ကွန်ပျူတာ ဘာသာရပ်များတွင် ထူးချွန်ခဲ့သူများ၊အနှိပ်ပညာဖြင့် လုပ်ကိုင်နေသူများ၊ကြိမ်ထိုးသူများ အစရှိသည်ဖြင့် အောင်မြင်သူများ ပေါ်ထွန်းခဲ့သည်မှာ ဒုနဲ့ဒေးပင်။ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းသည်လူမှုဝန်ထမ်းဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းကြီး(၈)ရပ်အနက် မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွင် ပါဝင်ပြီး လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနမှ ချမှတ်ထားသော လူမှုဝန်ထမ်းဆိုင်ရာမူဝါဒများနှင့် အညီ ပြည်နယ်နှင့်တိုင်း အသီးသီးမှ အသက်(၆) နှစ်မှ […]

Read more of this post