ကိုသန်းလွင် - ရေကြည်ရာ မြက်နုရာ (မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၁၄ (၁) တနေ့ကစင်္ကာပူ နိုင်ငံသား ခံယူထားသော မြန်မာ မိတ်ဆွေတယောက်နှင့်တွေ့သည်၊ သူသည် အလုပ်က အနားယူပြီးပြီ၊ ချမ်းသာကြွယ်ဝပြီး  ဘဏ်မှာသူတို့အပ်ထားသောငွေမှာ သန်းချီ၍ ရှိနေပါပြီ၊ စားရေးနေရေး မပူပင်ရသော်လည်း စင်္ကာပူမှာနေရတာကိုငြီးငွေ့ဟန်တူသည်၊ မြန်မာတို့၏ လူနေမှု ၀န်းကျင်နှင့် စင်္ကာပူ က လူတွေ နေရေးစားရေး ပုံစံတွေမှာ မတူပါ၊ မြန်မာပြည်မှာဆွေရိပ်မျိုးရိပ်၊ ပါတ်ဝန်းကျင် သွားလေရာရာမှာ ကူညီ ရိုင်းပင်းတတ်သော လူတွေ မိတ်ဆွေတွေ ရှိသည်၊ ဘုရားကျောင်းကန်၊ အေးချမ်းရာ နေရာတွေရှိသည်၊ စင်္ကာပူ မှာ သည်လိုမဟုတ် လူတွေက မအား အလုပ်ပြီး အလုပ်ဆက်နေကြသည်၊ သူသည်မြန်မာပြည်သို့အကြိမ်များစွာသွားပြီး တရားစခမ်းတွေမှာ တစ်လ ကိုးသတင်းတရားထိုင်ဖူးနေပေပြီ၊ […]

Read more of this post