ဆောင်းဝင်းလတ် - ရန်ကုန် အရှေ့ပိုင်းတနေရာ (မိုးမခ) အောက်တိုဘာ ၁၊ ၂၀၁၄ ၂၀၀၃ ခုနှစ်ကဖြစ်သည်။ ညီတယောက်သဖွယ် ခင်မင်ရင်းနှီးနေသော စာနယ်ဇင်းသမား လူငယ်တဦးက မဂ္ဂဇင်းတစောင်ကို လစဉ်ထုတ် ဝေဖို့ စတင်ပြီး စီစဉ်သည်။ ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ကျွန်တော့်အား "အထက်အညာဒေသဘက်ကို အကိုနဲ့အတူ ကျွန်တော် ခရီး ထွက်မယ်အကို…ဟိုရောက်ရင် အဲဒီဒေသက မြန်မာ့အနုသုခုမလက်ရာကောင်းတွေအကြောင်းကို လိုက်လေ့လာပြီး အကိုက ကျွန်တော် ထုတ်မယ့်မဂ္ဂဇင်းအတွက် ဆောင်းပါးတွေရေးပေးပါ" ဟု ပြောသည်။ ဆယ်ရက်ကျော်ကြာမည့်ခရီးစဉ်ဖြစ်သည်။ နှစ်ယောက်သား ရန်ကုန်မှ ရထားနှင့်ထွက်လာခဲ့ကြသည်။ ကြားဘူတာရုံ တရုံအရောက်တွင် မြန်မာ့မီးရထားကြီးကရုတ်တရက် စက်ခေါင်းပျက်လေသည်။ အဆိုပါဘူတာရုံကလေးတွင် အချိန်တော်တော်ကုန်ဆုံးသွားခဲ့သည်။ ည မှောင်ရီပျိုးပြရောက်တော့ ရထားအောက်သို့ခရီးသည် တချို့ဆင်းကြကာ အညောင်းအညာပြေ လမ်းလျှောက်ကြသည်။ ကွင်းစပ်စပ် တနေရာတွင် ခရီးသည်အမျိုးသမီးကလေးတယောက်က လက်ကိုင်ဓာက်ခဲသုံး […]
Read more of this post
No comments:
Post a Comment