ရန်နောင် (ဗိုလ်တထောင်) - အကယ်ဒမီ ဇကာတင်မှာ စုန်းပြူးပါဝင် (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၄ နေနော်၏ ဇာတ်လမ်းကို အကယ်ဒမီ မြင့်ဦးဦးမြင့်က ဇာတ်ညွှန်းခွဲ​ပြီး ဒါရိုက်တာ ၀င်းထွန်းထွန်းရိုက်ကူးထားတဲ့ စုန်းပြူးဟာ ယခုနှစ်ရဲ့ အကယ်ဒမီဇကာတင်စာရင်းဝင်ခြောက်ကားထဲမှာ ပါဝင်နေပါတယ်။ ဒီဇာတ်ကားကို မကြာမီအချိန်မှာလည်း အများပြည်သူကြည့်ရှုနိုင်အောင် ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ စုန်းပြူးဇာတ်ကားဟာ မိသားစုနဲ့ လူမှုဝန်းကျင် အသိုင်းအ၀န်းကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောသဘာဝတွေကို ရသဆန် ခြယ်မှုန်း ထားတဲ့ ဇာတ်ကားတကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မြန်မာပရိတ်သတ်အကြိုက် ၀ါရင့်သရုပ်ဆောင်တွေနဲ့အတူ ဇာတ်ပို့ဇာတ်ရံများစွာလည်း ပါဝင်သရုပ်ဆောင်ထား တာဖြစ်ပါ တယ်။

Read more of this post