ကိုသန်းလွင် - စာမသင်ကြေး ပညာရေး (မိုးမခ) အောက်တိုဘာ ၃၊ ၂၀၁၄ (၁) လွန်ခဲ့သောနှစ် ကျွန်တော်မြန်မာပြည်ခေတ္တပြန်ရောက်စဉ် အထက်တန်းပြဆရာတယောက်နှင့် စကားပြောရင်း "စာမသင်ကြေး" ဆိုသောစကားကို ကြားဖူးခဲ့ရပါသည်၊ အထက်တန်းကျောင်းသားများသည်အစိုးရစစ် ဆယ် တန်း စာမေးပွဲဖြေဆိုရန် အစိုးရကျောင်းတွေကိုအားမကိုးကြ၊ အပြင်ကအလွတ်သင် ကျူရှင်ကျောင်းတွေကို ပိုပြီး အားကိုးကြသည်၊ အလွတ်သင်ကျောင်းတွေ ကကျောင်းသားတွေကို ကျောင်းအိပ်ကျောင်းစားခေါ်ပြီး သင် ကြသည်၊ ကလေးတွေမှာ တခါတရံညဉ်နက်မှ အိပ်ကြရသည်လည်းရှိသည်၊တခါတရံ အလွတ်သင်ဆရာတွေက သူတို့ သင်ကြားပို့ချ သောနည်းသည်သာ ကလေးတွေကို အမှတ်ကောင်းရစေလိမ့်မည်ဟုယုံကြည်ကြသည်၊ ဘယ် ကျောင်းသား ကိုတော့ စာသင်တာကိုနားမထောင်လျင်ဖြစ်စေ၊ အိပ်နေလျင်ဖြစ်စေ၊ ဆရာက လစ်လျူရှုပေးစေလို ပါသည်၊ ကလေးကို မအော်မငေါက်ပါစေကြောင်း ပိုက်ဆံ ကတော့ သည်ကို စာမသင်ကြေး ဟုခေါ်ပါသည်၊ ကျွန်တော်ကြားရတာတွေသာ […]

Read more of this post