ထင်အောင် - ကျွန်တော် အညံ့ဆုံး မဟုတ်ခဲ့ပါ (မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၄ ကျွန်တော်သည် ကျောင်းသားအရွယ် စတင်ပညာသင်ကြားနေစဉ်ကပင် အညံ့ဆုံး စာရင်းဝင်တဦး မဟုတ်ခဲ့ပါ။  အတန်းထဲတွင် သင်တန်း သား ငါးဆယ်ရှိပါက အဆင့်လေးဆယ့်ကိုး ရရှိတာကြောင့် အညံ့ဆုံးမဟုတ်တော့ပါ။  ကျွန်တော်ထက် ညံ့ဖျင်းသူ၊ ဆိုးရွားသူတယောက် ထပ်ရှိနေပါသေးတယ်။ ကျောင်းများတွင် အဆင့်ဆိုသည်မှာ စာမေးပွဲတွင် ရရှိသော အမှတ်ပေါင်းများကို ကြည့်ကာ အမှတ် အများဆုံးရသူကို အဆင့်တ ပထမ၊ ဒုတိယ အများ ဆုံးရသူကို အဆင့်နှစ် စသဖြင့် အစဉ်လိုက် သတ်မှတ်ပေးသွားပါတယ်။  အတန်းထဲတွင် အဆင့် လေးဆယ့်ကိုးရသော ကျွန်တော်ဟာ ကျွန်တော်ကိုယ် ကျွန်တော် အညံ့ဆုံးလို့ မသတ် မှတ်ထားခဲ့ပါ။ ကျောင်းမှအိမ်သို့ မိဘများဆီကို မှန်မှန်ပို့ပေးနေသော […]

Read more of this post