ဇင်လင်း - "ငတေမာရေးလမ်းစဉ်" မစွန့်လွှတ်သမျှ ငြိမ်းချမ်းဖို့ လမ်းမမြင် (ဒီလှိုင်းဂျာနယ်) အောက်တိုဘာ ၁၄၊ ၂၀၁၄ လက်ငင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်စဉ်ကို လေ့လာအကဲခတ်နေသူတို့က မြန်မာ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဘယ်လဲ၊ ဘာလဲလို့ မေးခွန်းထုတ်လာကြပါပြီ။ သမ္မတ ဦးသိန်းစိန်က  မြန်မာ့နိုင်ငံရေးသမိုင်းမှာ ဒီမိုကရေစီအလေ့အထရဲ့ အဓိက စံတန်ဖိုးတွေဖြစ်တဲ့ မတူညီတဲ့ အယူအဆတွေကို ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာသဘောထား ကွဲလွဲပိုင်ခွင့်၊ ဆွေးနွေးငြင်းခုံခွင့်တွေကို လက်မခံနိုင်တဲ့ အစွန်းရောက် နိုင်ငံရေးသမားများရဲ့ အန္တရာယ်ဟာ တိုင်းပြည်အတွက် ဆိုးကျိုးကြီးမားနိုင်တယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ ဒါပေမယ့် အခု လက်ငင်းဖြစ်ပေါ်နေတဲ့ ဆွေးနွေးပွဲကာလ သဘောကွဲလွဲမှုတွေကို လွတ်လပ်ငြိမ်းချမ်းစွာ ဆွေးနွေးငြင်းခုံခွင့် ပေးနိုင်မည်လားဆိုတဲ့ ပြဿနာတစ်ခု ပေါ်ထွက်လာ နေတာတွေ့ရပါတယ်။ အခု ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ကြည့်ရင် အပစ်အခတ်ရပ်ထားတဲ့ ကြားက လက်နက်ကိုင်ပဋိပက္ခတွေ […]

Read more of this post