စံပယ်ဖြူ - ထိုင်လျှက် အိပ်တတ်သူတို့အကြောင်း (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၄ ကျမက တခါတလေ စိတ်ကောင်းဝင်တဲ့အခါ တရားလေး ဘာလေးနာတယ်။ ချမ်းမြေ့ဆရာတော်ရဲ့ တရားတွေကို ရံဖန်ရံခါ နာဖြစ်ပါတယ်။ ချမ်းမြေ့ဆရာတော်က လေသံအေးအေးနဲ့ တရားဟောပြီး၊ တခါတလေရယ်စရာလေးတွေ ထည့်ဟောတတ် ပါတယ်။ တချို့ယောဂီတွေ တရားထိုင်ရင်း အိပ်ငိုက်တာ၊ အိပ်ပျော်နေတာတွေကို မြင်ရတာ ဆရာတော်အတွက် ရိုးနေမှာပါ။ ဒါကြောင့် ဆရာတော်က တရားထိုင်တဲ့ သူတွေဟာ ထိုင်လျှက်လဲအိပ်တတ်တယ်လို့ ဆိုပါတယ်။ တရားထိုင်တဲ့သူတွေမှ မဟုတ်ဘူးသူနာပြုတွေလည်း ထိုင်လျှက်အိပ်တတ်ပါတယ် ဘုရားလို့ ကျမစိတ်ထဲကနေ ဆရာတော်ကို ပြန်လျှောက်မိပါတယ်။ အမှန်ပြောတာပါ၊ သူနာပြုတွေ ထိုင်လျှက်ငုတ်တုတ် အိပ်တတ် ကြပါတယ်။ ဒီအကြောင်းကို ပြောချင်လို့ ချမ်းမြေ့ဆရာတော် ပြောစကားနဲ့ နိဒါန်းပျိုးလိုက်တာပါ။ ညအချိန်မှာ နှစ်ခြိုက်စွာ […]

Read more of this post