အရှင်ကုသလသာမိ (အတည်မဲ့) - စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၃) (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၄ ယခင်အပတ်မှ အဆက် (၁၁) "မအိပ်ဘူးလား"ဆိုသော အမျိုးသမီးငယ်၏အသံကြောင့် အတွေးပျက်သွားသည်။ "ငါ အိပ်တော့ အိပ်ချင်တယ်၊ အိပ်မရသေးဘူး၊ ငါ ဥရောပကို စရောက်ကတည်းက စိတ်ကို လွှတ်ထားလိုက်တိုင်း ငါတို့နိုင်ငံကို သတိရတယ်၊ ပြဿနာတွေမြောက်မြားစွာနဲ့ မငြိမ်းချမ်းနိုင်၊ မပြေလည်နိုင်တဲ့အခြေအနေတွေကို တွေးပြီး မောနေတတ်တယ်၊ ပြီးတော့ အလယ်တန်းအဆင့်လောက်တောင် ပညာသင်ကြားခွင့်မရှိတဲ့ မြန်မာပြည်က ကလေးငယ်တွေကို သနားတယ်၊ ငါတို့ရွာမှာလေ အလယ်တန်းအဆင့်ထိ ကျောင်းတက်တဲ့ကလေးက ၁ဝဝ မှာ ၁ဝ ယောက်မရှိဘူး၊ အထက်တန်းဆို ၁ဝဝ မှာ ၂/၃ ယောက်လောက်ပဲ ရှိတယ်။ အထက်တန်းတက်တယ်ဆိုလည်း အလကား စနစ်မကျတဲ့ […]
Read more of this post
No comments:
Post a Comment