သက်ခိုင် - သူငယ်လေးအောင်ဖေ၊ မိဆိုး နှင့်ဇော်ဝမ်း (မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၄ (၁) ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ အထင်ကရ ဈေးဝယ်စင်တာကြီး တခုဖြစ်သော MBK ကုန်တိုက်(၅)ထပ်တွင်းရှိ အစားအသောက်တန်းတွင် မိမိနှစ်သက်ရာကို ဝယ်ယူစားသုံးနေသူ အချို့ဖြင့် စည်ကားနေသည်။ ဝက်စတူးဟင်းနှင့် ကြက်ဥပြုတ်ကို မုန်ညှင်းချဉ်လေးဖြင့် မြိန်ရည် ယှက်ရည် စားသုံးပြီးနောက် ကိုအောင်ဖေက pepsi အချိုရည်ကို တကျိုက်ကျိုက် သောက်လိုက်သည်။ "နေပါအုံးဗျ၊ ကိုမြင့်ဇော်ပြောတဲ့ ထမီခိုးမှုနဲ့ အဖမ်းခံခဲ့ရတယ်ဆိုတာကကော လင်းစမ်းပါဦး ကိုအောင်ဖေရ" ကျနော့်အမေးစကားကြောင့် ကိုအောင်ဖေ အားပါးတရ တဟားဟားရယ်လိုက်ကာ၊ ပေါက်ပေါက်ရှာရှာဗျာ ကျုပ်က ဘယ်ကထမီ သွားခိုး ရမှာလဲ၊ ဒီလူတွေက ကျုပ်ဆိုအမြဲတမ်း အဲဒီလို နှိပ်ကွပ်ချင်တဲ့သဘော ပေါက်ကရ နောက်တာပါဗျ ဟုအသာတကြည် […]

Read more of this post