တူမောင်ညို - ဒေါ်အောင်ဆန်းစုကြည်၏အသံများသည် "လူငယ်အင်အား အောင်လက်နက်" အတွက် အားမာန်ဖြစ်ပါစေ (မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၄ မှိုင်း ၂ ခုဖြင့်  လှည့်စားမှိုင်းတိုက်ခဲ့ကြသည်။ ပထမတစ်ခု(အရင်းခံကျသည့်မှိုင်း)သည် အုပ်စိုးသူ(နဝတ-နအဖ)စစ်အုပ်စုကဖန်တီးသည့်မှိုင်းဖြစ်သည်။ ထိုမှိုင်းသည် "၂၀၀၈ အခြေခံဥပဒေ" ပင်ဖြစ်သည်။ ဒုတိယတစ်ခု (လက်အောက်ခံမှိုင်း) သည် အုပ်စိုးသူဖန်တီးသည့်မှိုင်းကို အမှီသဟဲပြုပြီး အတိုက်အခံတွေထဲမှ အချို့က မိမိ ကိုယ်ကိုလှည့်စားသည့်မှိုင်းပင်ဖြစ်သည်။ "အခြေခံဥပဒေ မရှိတာထက် ရှိလာတာကောင်းသည်၊ ဖန်ခွက်ထဲ လုံးဝရေ မရှိတာထက် ခွက် တစ်ဝက်ရှိနေတာ ကောင်းတယ်"၊ "စပေ့ ဆိုတာ တဖြည်းဖြည်းချဲ့ယူရင်ရတယ်" ဆိုသူတို့၏ မှိုင်းပင်ဖြစ်သည်။ ယခုအခါ ထိုမှိုင်း ၂ ခု ပျက်ပြယ်စပြုလာနေပြီ။ သမ္မတ(ဗိုလ်)ဦးသိန်းစိန်၏ အပြောင်းအလဲ ဆိုသည်မှာ "၂၀၀၈ အခြေခံဥပဒေ" နဲ့အညီ […]

Read more of this post