စေထွဋ်ပိုင် (ပုသိမ်) - ဒီဝါကျထဲ ဆရာစံသွေးတွေစီးလို့ (မိုးမခ) အောက်တိုဘာ ၄၊ ၂၀၁၄ ထောင်ချောက်ကို ကျယ်အောင်ဟ,ခိုင်းပြီး အစွယ်တပ်ပေးနေတာ ဘယ်သူလဲ မေးမနေနဲ့တော့။ ဇောက်ထိုးအိပ်နေတဲ့လင်းနို့က နိုးမထသေးသလို ပညာရေးကြီး ဘယ်တော့ မိုးပေါ်ပျံဝဲမလဲ မျှော်နေပေမယ့် ပေါ်မလာခဲ့ဘူး။ ငါတို့ရဲ့ ထုတ်ကုန်အများစုဟာ လူသားတွေဖြစ်ကုန်ပြီလား သခင်မျိုးဟေ့ တို့ဗမာဆိုတာ ကျွန်မျိုးတွေဖြစ်လို့။ ငါတို့မြေ၊ ငါတို့ရေ၊ ငါတို့လေရော ဟုတ်ကောဟုတ်သေးရဲ့လား သူတို့မြေ၊ သူတို့ရေ၊ သူတို့လေလို ဗိုလ်ကျနေလိုက်ကြတာ။ အိမ်ရှင်ကျွေးသမျှ အကုန်စားပြီး အိမ်ဦးခန်း မစင်စွန့်တာတော့ လွန်သွားပြီ ဧည့်သည်။ ဆရာစံသွေးတွေ ငါတို့ဆီမှာစီးနေတာ မသိဘူးလား မဟုတ်တာတော့ လာမလုပ်နဲ့ ကြည့်ထား ငါတို့တော်လှန်ရေးမှာ မင်းတို့အမြစ်ပြုတ်သွားမယ် ဘာမှတ်လဲ ။ ။
Read more of this post
No comments:
Post a Comment