ဇွန်မိုး - မြန်မာပြည်သို့ပေးစာ (အနာဂတ်မဲ့ ပစ္စုပ္ပန်) (မိုးမခ) အောက်တိုဘာ ၄၊ ၂၀၁၄ မင်းတို့ဆီစာပြန်မလို့ စဉ်းစားနေပြီး မရေးနိုင်ဘူးဖြစ်နေတယ်။ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်မှာ ရေးဖို့ တွေးထားတာ၊ ဒီလို အလုပ် ပိတ်ရက်ကိုရွေးပြီးလုပ်ကြတဲ့ ရပ်ရေး ရွာရေး (သာရေး နာရေး၊ လူမှုရေး) ပွဲတွေနဲ့ ရှုပ်နေခဲ့တယ်။ အများစု အလုပ်နားကြတဲ့ စနေ၊ တနင်္ဂ နွေဆိုရင် ဟိုအိမ် ဒီအိမ်၊ ဘုန်းကြီးကျောင်းတွေမှာ တခုခုအကြောင်းရှာပြီး စုကြတွေ့ကြတယ်။ တခါတလေ တနေကုန် တနေခမ်း တအိမ် တက်၊ တအိမ်ဆင်း၊ တောင်ဘက်အိမ်သွားရ၊ မြောက်ဘက်ဘုန်းကြီးကျောင်းသွားရနဲ့ ရုံးပိတ်ရက် နှစ်ရက်မှာ ဘာဆိုဘာမှ မလုပ်ဖြစ်ဘူး။ အလုပ်လုပ်ရတဲ့ တနင်္လာ-သောကြာနေ့တွေမှာလည်း မိနစ် (၄၀) လောက်စီးရတဲ့ […]

Read more of this post